Wednesday 20 March 2013

Autoကားအရောင်းဌာနနှင့် Taxi ၀ယ်ယူသူများကြား ဈေးနှုန်းအတိအကျမသတ်မှတ်ပေးသဖြင့် မကျေလည်မှု များဖြစ်ပွား

Photo: Best Autoကားအရောင်းဌာနနှင့် Taxi ၀ယ်ယူသူများကြား 
ဈေးနှုန်းအတိအကျမသတ်မှတ်ပေးသဖြင့် မကျေလည်မှု
များဖြစ်ပွား

ရန်ကုန်၊မတ် ၂၀။

Best Auto ကားအရောင်းဌာနမှ အရစ်ကျစနစ်ဖြင့် Taxi ၀ယ်ယူထားသူများအား Best Auto ကားအရောင်းဌာနမှ 
ကားတန်ဖိုး အတိအကျ သတ်မှတ်ပေးမှုမရှိခြင်း အပါအ၀င် 
အခြားသော ကိစ္စရပ်များကြောင့် Taxi ကား ၀ယ်ယူသူများမှ မကျေနပ်မှုများ ဖြစ်ပွားနေကြောင်း အရစ်ကျ စနစ်ဖြင့် တက္ကစီ ၀ယ်ယူထားသူ ဦးအောင်ချမ်းသာက ပြောကြားသည်။

Best Auto ကား အရောင်းဌာနမှ ရောင်းချသော Taxi 
ကားများမှာ အရစ်ကျ စနစ်ဖြင့်တွက် ချက်ကြည့်လျှင် တခြား 
ကား အရောင်းဌာနများထက်များနေခြင်း ၊ တန်ဖိုးကို အတိ
အကျ သတ်မှတ်မပေးခြင်းတို့ကြောင့် အရစ်ကျ စနစ်ဖြင့် 
Taxi ကား ၀ယ်ယူသူများမှာ အခက်အခဲများဖြင့် ရင်ဆိုင်း
နေရကြောင်းကို Taxi ၀ယ်ယူထားသူများထဲမှ ၁၈ဦးက 
စုပေါင်းကာ ကားတန်ဖိုး အတိအကျ မသတ်မှတ်ပေးခင် အချိန်အထိ နေ့စဉ်ကြေး ပေးသွင်းနေမှုကို ခေတ္တရပ်ဆိုင်း
ထားပေးရန် Best Auto ကား အရောင်းဌာနသို့ စာတင်
ထားကြောင်း သိရသည်။

“Taxi ကို Owner ဆီက ဌားပြီး မောင်းရတဲ့ ဘ၀ကနေ ၊ 
Taxi ကား အပိုင်မောင်းတဲ့ ဘ၀လေးရောက်ချင်လို့ အရစ်ကျ ၀ယ်လိုက်မိတာ။ ပထမအရစ် ၊ ဒုတိယအရစ်တွေ သွင်းပြီး
တာတောင် အခုတော့ ကားတန်ဖိုးတောင် ဘယ်လောက်ဆိုတာ အတိအကျမသိရပဲ နေ့စဉ်ကြေးတွေပဲ သွင်းနေရတယ်။ နေ့စဉ်
ကြေးကလည်း ၃နှစ်တောင် သွင်းပေးရမှာ” ဟု Taxi အရစ်ကျ 
ဝယ်ယူခဲ့သူ ဦးအောင်ချမ်းသာ ကပြောကြားသည်။

Taxiကား ၀ယ်ယူသူများမှာ ပထမအရစ် သိန်း ၃၀၊ ဒုတိယ
အရစ် ၃၅သိန်း တို့ကို ပေးသွင်းရကြောင်း ၊ နေ့စဉ်ကြေးများ
မှာလည်း တစ်ဦးနှင့်တစ်ဦး တူညီမှုမရှိပဲ ၁၂၀၀၀၊ ၁၆၀၀၀၊ 
၁၇၀၀၀ စသည်ဖြင့် ပေးသွေင်းနေရကြောင်း၊ Taxi ကားများ
ကို စတင်ဝယ်ယူစဉ်ကလည်း ပိုက်ဆံကို အရင်ပေးသွင်းရပြီး 
မည်သည့် ကားမျိုးအစားကို ၀ယ်ယူရသည်ကိုလည်း မသိရှိရကြောင်း၊ သော့ပေးအပ်ပွဲ ပြုလုပ်သောနေ့မှသာ မိမိ
ဝယ်ယူသော ကားအမျိုးအစားကို သိရှိရကြောင်း၊ ထို့အပြင် ရောင်းချသောကားများတွင် 2007 model ထုတ် ကားများမဟုတ်ဘဲ 2000model ၊ 2005model ကားအမျိုး
အစားများ ပါဝင်နေခြင်း၊ အချို့ ကားများမှာ ချို့ ယွင်းနေခြင်း
နှင့် မန္တလေးတိုင်း ဒေသကြီးတွင်သာ မောင်းနှင်ရန် သတ်
မှတ်ထားသော Taxiများဖြစ်နေခြင်းတို့လည်း ရှိကြောင်း 
သိရသည်။

“ကားတန်ဖိုးက သတ်မှတ်လို့မရတာက ပထမအရစ် သိန်း 
၃၀ သွင်းပြီးသွားရင် နေ့စဉ်ကြေးက ၁၂၀၀၀သွင်းရမယ်။ 
ဒုတိယအရစ် ၃၅သိန်းကို သုံးခါခွဲသွင်းလို့ရတယ်။ ဘယ်လို
လဲဆိုတော့ ပထမတစ်ခါ ၁၂သိန်းသွင်းရင် နေ့စဉ်ကြေးက 
၁၁၀၀၀ကျပ်၊ ဒုတိယတစ်ခါ ၁၂သိန်းသွင်းရင် နေ့စဉ်ကြေး
က ၁၀၀၀၀ကျပ်၊ တတိယတစ်ခါ ၁၁သိန်းသွင်းရင် နေ့စဉ်
ကြေးက ၉၀၀၀ကျပ် ဖြစ်သွားမယ်။ သူတို့ဒီလိုသွင်းမှ သူတို့
ကား တန်ဖိုးကလျော့သွားမယ်။ အဲ့လို မသွင်းရင်တော့ ကား
တန်ဖိုးကများနေမှာပဲ” ဟု Best Autoကား အရောင်းဌာနမှ မန်နေဂျာက ပြောကြားသည်။

ယခုအခါ Best Auto ကားအရောင်းဌာနမှ ကားများကို 
သတင်းစာများတွင် ကနဦးသွင်းငွေ ၃၀သိန်းသန်းကျင် 
(၁)နှစ်ယူသူ ၁၂၀သိန်း နှင့် (၂)နှစ်ယူသူ ၁၃၅သိန်း 
သတ်မှတ်ကာ သတင်းစာများတွင် ကြော်ငြာနေသော်လည်း ထိုကြော်ငြာတွင် ပါဝင်သည့် သတ်မှတ်ဈေးနှုန်းမှာ အသစ်
ထပ်မံဝယ်ယူမည့် သူများအတွက်သာ သတ်မှတ်ပေးခြင်း
ဖြစ်ကြောင်း သိရသည်။

“သူတို့ဘက်က ကားရောင်းတုန်းကလည်း ကိုယ်ဘယ်
ကားရမယ် ဆိုတာလည်း မမြင်ရဘူး။  ကိုယ့်ကိုပေးတဲ့ 
ကားသော့ကို ကိုယ်ယူပြီး အခုပိုက်ဆံတွေပဲ သွင်းနေရတယ်။ သူတို့ပြောသလို ၃နှစ်စာသာ သွင်းရရင် အခုရထားတဲ့ကားနဲ့ 
တန်ဖိုးနဲ့က အရမ်းဟနေပြီ။ Probox တစ်စီးကို လက်ရှိပေါက်
ဈေး သိန်း၁၁၀ ၊ ၁၂၀ လောက်ပဲ ရှိတယ်။ အခုသူတို့ကို 
သွင်းနေရတဲ့ ပုံစံနဲ့ဆို သိန်း ၁၈၀ လောက်ဖြစ်နေပြီ။ ကျွန်မတို့ စုထားတဲ့ ရွှေတွေလည်း ကုန်နေပြီ ကားဖိုးတွေ သွင်းနေ
ရတာနဲ့” ဟု Taxi ကားဝယ်ယူထားသူ ဆရာမတစ်ဦးက 
ပြောကြားသည်။

Best Autoကား အရောင်းဌာနဘက်မှ နေ့စဉ်ကြေးကို တစ်ရက် တစ်ခါ ပေးသွင်းရသည့် စနစ်အစား ငါးရက်တစ်ခါနေ့စဉ်ကြေး
ပေါင်းပေးရန် စီစဉ်ပေးထားကြောင်း ဖြစ်ပွားနေသော ပြဿနာ
များကိုလည်း ညှိုနှိုင်းပေးရန် ဆောင်ရွက်နေကြောင်း သိရသည်။

ဆုဝေBest

ဆုဝေ          http://themyanmaage.com/  
သတင်း

No comments:

Post a Comment